You can advertise in here Contact Us Buy Now!

Followers

Posts

My Teen Romantic Comedy SNAFU


 Yahari Ore no Seishun Love Come wa Machigatteiru. 

( やはり俺の青春ラブコメはまちがっている。)

Type: TV
Status: FINISHED
Episodes: 13
Duration: 24 Per Ep.
Score: 78
Genres:
Drama, Romance, Slice of Life
Studios:
Brain's Base, TBS, Sentai Filmworks

Spoiler:

Review (Azure)
Soubu အထက်တန်းကျောင်း ဒုတိယနှစ်ကျောင်းသား Hikigaya Hachiman ဟာဆိုရင် သူငယ်ချင်းကမရှိ၊ ပေါင်းသင်းဆက်ဆံရေးလည်းမတော်၊ ကောင်မလေးတွေနဲ့ စကားမပြောတာလည်း နှစ်နှစ်လောက်ရှိတဲ့သူဖြစ်ပါတယ်.. ဘာကိုမှလည်းစိတ်ပါဝင်စားခြင်းမရှိဘဲ အထက်တန်းကျောင်းသားဘဝကို အဓိပ္ပါယ်မဲ့စွာ အထီးကျန်ဆန်စွာ ဖြတ်သန်းနေတဲ့သူတစ်ယောက်ပေါ့...

    တစ်နေ့ ဆရာမက သူတို့အတန်းကို အထက်တန်း ကျောင်းသားဘဝကို ဖော်ညွှန်းထားတဲ့အက်ဆေးရေးလာဖို့ အိမ်စာပေးလိုက်တဲ့အခါ Hachiman တစ်ယောက်ဘာရေးတယ်ထင်လဲ..

သေချာတာပေါ့.. သူ့ရဲ့စိတ်ပျက်စရာကောင်းတဲ့အထက်တန်းကျောင်းသားဘဝကြီးအကြောင်း အမွှမ်းတင်ပြီး စာတွေစီကုံးတော့တာပဲ ၊အရေးအသားကောင်းလွန်းလို့ ဆရာမကတောင် ခေါ်ပြီးတွေ့တဲ့အထိပဲ...

...အဲ့လိုနဲ့ ဆရာမလုပ်သူက Hachiman တစ်ယောက် တစ်သက်လုံးအထီးကျန်သွားမှာစိုးတဲ့အတွက် Service Club တစ်ခုကိုခေါ်သွားပါတယ်။ အဲ့ Club ရဲ့တာဝန်ကတော့ အကူအညီလိုနေတဲ့သူတွေ၊ အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့သူတွေကို ကူညီပေးရတာဖြစ်ပါတယ်..

အဲ့ Club မှာ Hachiman ထက်အရင်ဝင်ထားတဲ့ Yukinoshita Yukino ဆိုတဲ့ကျောင်းသူလေးတစ်ယောက်ရှိပါတယ် ... Yukino ကတော့ သူမရဲ့ရုပ်ရည်ရော အရည်အချင်းတွေကြောင့်ပါ ကျောင်းကလူတိုင်းကြားနာမည်ကြီးပြီး အေးအေးဆေးဆေးနေတတ်တဲ့သူလေးပါ။.. မာနလေးလည်းကြီးတဲ့အတွက် တော်ရုံတန်ရုံဘယ်သူမှ အပေါင်းအသင်းမလုပ်ရဲကြပါဘူး..

   .. အတွေးအခေါ်တွေမတူကြတဲ့ သူတိူ့နှစ်ယောက် .. Service Club ကိုအကူအညီလာတောင်းကြတဲ့သူတွေကို ကူညီပေးကြရင်း ဘယ်လိုပြဿနာတွေနဲ့ကြုံရမလဲ? လူတွေအပေါ်ထားတဲ့အမြင်တွေရော ပြောင်းလဲလာလိမ့်မလား? Hachiman ရဲ့ကျောင်းသားဘဝကရော ပြန်ပြီးစိုပြေလာနိုင်မှာလား? ..



Telegram Video

Post a Comment

Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.